Class & Object
Class တစ်ခုမှာ properties နဲ့ method တွေပါတယ်။ properties ဆိုတာကတော့ ဉပမာအားဖြင့် ကားတစီးအနေနဲ့ အရောင်တွေရှိမယ်၊ ထိုင်ခုံတွေ ဘယ်နှခုံပါမယ် စတာတွေပဲဖြစ်ပါတယ်။ method ဆိုတာကတော့ ကားကို ဘယ်လိုမောင်းရမယ်၊ ကွေ့ရင် ဘယ်လိုကွေ့ရမယ်၊ ဘရိတ်ဘယ်လို အုပ်ရမယ် စတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။
ဉပမာ ရေးထုံး
class Car {
int numberofDoors = 5;
void drive(){
print('wheels start turning');
}
}
အပေါ်ကဉပမာမှာဆိုရင် class ဆိုတာကတော့ class ဖြစ်ကြောင်း ကြော်ငြာလိုက်တယ်။ Car ဆိုတာ class ရဲ့ အမည်ပေ့ါ class name တွေကိုအမြဲတမ်း စာလုံးအကြီးနဲ့စပါတယ်။ ပြီးရင် တွန့်ကွင်း စမယ်၊ တွန့်ကွင်းပိတ်မယ်။ ဆိုတော့ အပေါ်က class အရ object တစ်ခုဖန်တီးတော့မယ်ဆိုရင် အောက်ပါအတိုင်း ဖန်တီးနိုင်ပါတယ်။
Car myCar = Car();
Last updated
Was this helpful?